ညောင်ဦး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပြည်သူများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်းတောင်းတပ်နယ်မှ အရာရှိစစ်သည်များ တပ်မတော် မိသားစုဝင်များ၊ ညောင်ဦးမြို့၊ အမှတ်(၄၁၅)ခြေမြန်တပ်ရင်းမှ တပ်မတော်မိသားစုဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ယနေ့နံနက် ၇ နာရီခွဲအချိန်က ရွှေစည်းခုံဘုရားကြီး တောင်ဘက် ကွင်းပြင်ကျယ်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံဘုရားကြီးတောင်ဘက် ကွင်းပြင်ကျယ်၌ အခြေခံစားကုန်နှင့်ဟင်းသီး ဟင်းရွက်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်းတောင်း တပ်နယ်မှ တပ်မတော်မိသားစုဝင်များမှ ဆန် ၁၀၀ ပြည်အား တစ်ပြည် ၂၅၀၀ ကျပ်၊ ကြက်ဥ အလုံး ၅၀၀ လုံးကို တစ်လုံး ၁၃၀ ကျပ်၊ ကြက်သွန် ၅၀ ကျပ်သားအား ၁၂၀၀ ကျပ်၊ ဆား ၅၀ သား၂၀၀ ကျပ်၊ ရွှေဖီဦးလက်ဘက်ရည်ထုပ်များ ရောင်းချပေးခြင်း၊ ညောင်ဦးမြို့၊ အမှတ (၄၁၅) ခြေမြန်တပ်ရင်းမိသားစုများမှ ကြက်ဥ ၅၀၀ လုံးအား တစ်လုံးလျှင် ၁၃၀ကျပ် ချဉ်ပေါင်ရွက် တစ်စီး ၅၀ ကျပ်ဖြင့် အစီး ၃၀၀၊ ကန်ဇွန်းရွက် တစ်စီး ၅၀ ကျပ်ဖြင့် အစီး ၃၀၀ တို့အား ရောင်းချခြင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ဆန်တစ်ပြည်၊ ကြက်ဥငါးလုံး၊ ကြက်သွန်နီ ငါးဆယ်သား၊ ဆားငါးဆယ်သား ပစ္စည်း (၄)မျိုး ၄၅၀၀ ကျပ်ဖြင့် (၃၅၀)ဦး စာရောင်းချပေးခြင်း အပြင် ညောင်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှလည်း ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားအုံးဆီများကို တစ်ပိဿာ ၄၄၀၀ ကျပ်ဖြင့် ဆီပိဿာချိန် ၆၆၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးနှုန်းသက်သာသော စားသောက်ကုန်များရောင်းချပေးရာသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ