မိုင်းယန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ တောင်သူဦးအိုက်ဆမ်၏ မှော်ဘီကောက်ညှင်းမွေး မျိုးစပါးစိုက်ခင်းအား ယနေ့နံနက် ၉ နာရီက မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့၊ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မနေခြည်ဈေးရှေ့တွင် မီးသတ်ယာဉ်(၇)စီးဖြင့် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြသည်။

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)တွင် ယနေ့ နေ့နံနက် ၁၀နာရီအချိန်က လူငယ်ရေးရာ အသိပညာ‌ပေး ဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

ကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၃ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေး အာဟာဖြည့်စွက်စာများထောက်ပံ့ပေးအပ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အ နောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ကျောက်တံခါးမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပဲနွယ်ကုန်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်း (အခြေခံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင်  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသောကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ငပု​တောမြို့နယ်၌ နေကြာစိုက်ပျိုးမည့် မြေနေရာနှင့် စပါးမျိုးစေ့ထုတ် စိုက်ခင်းအား တာဝန်ရှိသူများမှ  ကွင်းဆင်း ကြည့်ရှု

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည်ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ငပု​တောမြို့နယ်၊ သက္ကယ်ချောင်း ကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာတွင် တောင်သူ ဦးလှဝင်း၏လယ်ယာမြေတွင် နေကြာစိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် နေကြာမျိုးစေ့အား အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး​နောက်ကွင်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။

လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၄၄၀၀ ကျပ်ဖြင့်ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ(၁) ပိဿာလျှင် ၄၄၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်(၁၀)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
Subscribe to