လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဘားအံ အောက်တိုဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)တွင် ယနေ့နံနက် ၁၀နာရီအချိန်က လူငယ်ရေးရာ အသိပညာ‌ပေး ဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “လူငယ်များ နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး” စသည့် ခေါင်းစဉ်များဖြင့် လည်းကောင်း ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဦးသောင်းထွန်က လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်များဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘားအံ)မှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီးသိရှိလိုသည်များပြန်လည်  ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။

ဘားအံခရိုင်(ပြန်/ဆက်)