ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေး အာဟာဖြည့်စွက်စာများထောက်ပံ့ပေးအပ်

စစ်တွေ     အောက်တိုဘာ  ၂၃

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အ နောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များသည် သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများကကိုယ်အလေး ချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှုအား လှည့် လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း နေမှုအား လှည့်လည် ကြည့်ရှုအားပေးကြပြီး သွေးလှူ ဒါန်းကြသည့် ဝန်ထမ်းများကို အာဟာရဖြည့် စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။ အလားတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများကလည်း သွေးလှူဒါန်းကြသူများကို အားဖြည့်အစားအစာများ ထောက် ပံ့ ပေးအပ်ခဲ့ကြသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးနှင့် စစ်တွေခရိုင်ရုံး၊ စစ်တွေမြို့နယ်ရုံးတို့မှ ဝန်ထမ်းစုစုပေါင်း(၅၆) ဦးတို့က သွေးအမျိုးအစား မျိုးစုံ (၅၆) လုံးကို စုပေါင်းလှူဒါန်း ခဲ့ကြ ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)