စဉ့်ကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

စဉ့်ကူး   အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသောကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးထွန်းဗိုလ်က ကြက်ခြေနီအသင်း၏ မျှော်မှန်းချက်နှင့် အခြေခံမူ (၇)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ  သင်တန်းဆရာ/ဆရာမများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ သွေးယိုထွက်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အသက်ရှူပိတ်၍ မေ့​မျောခြင်း၊ သတိလစ်မေ့မျောခြင်း၊ အပူ​လောင်ခြင်းနှင့် အရည်ပူ​လောင်ခြင်း၊  အရိုးကျိုးခြင်း စသည့်ခေါင်းစဉ်များဖြင် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ စုစု​ပေါင်း (၃၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ လ ၂၂ ရက်​​နေ့မှ  ၂၃ ရက်​နေ့အထိ  သင်ကြားပို့ချ​​ပေးမည်ဖြစ်​ကြောင်း သိရသည်။

တင်ဇာလွင် ( ပြန်/ဆက်)