မြန်အောင်မြို့ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်

မြန်အောင် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့၊ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မနေခြည်ဈေးရှေ့တွင် မီးသတ်ယာဉ်(၇)စီးဖြင့် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြသည်။

မြန်အောင်မြို့ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂)စီး၊ ဒေသပိုင်မီးသတ်ယာဉ်(၂)စီး၊ ပါရမီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် တစ်စီး၊ အမှတ်(၂)ရပ်ကွက်မှ မီးသတ်ယာဉ်တစ်စီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ကြပြီး မီး သတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း လက်တွေ့လေ့ကျင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့မနေခြည်ဈေးတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးသတ်ရေကန်နှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြန်အောင်မြို့ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှုးအောင်သူရိန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်နိုင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးယူနီယံအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဒေသပိုင်မီးသတ်အဖွဲ့ဝင်များ၊ ပါရမီလူမှုကူညီရေးအဖွဲ့ဝင်များနှင့် ဈေးသူ/ဈေး သားများပူးပေါင်းပါဝင်၍ မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် စျေးအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

ဝင်းဗိုလ်