ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaign ပြုလုပ်

စစ်ကိုင်းတိုင်းဒသကြီး၊ ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaignကို ယနေ့နံနက်(၇)နာရီအချိန်က စည်ပင်သာယာရေးဈေးရှေ့ လမ်းဆုံတွင်ပြုလုပ်ခဲ့သည်။

အ.ထ.က(ခွဲ)လော်ကော်ကျောင်း၌    Steel Structureဖြင့်  ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်း(၇၀) ရာခိုင်နှုန်းပြီးစီး

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော် ကျေးရွာအုပ်စု၊ လော်‌ကော်ကျေးရွာ၊ အ.ထ.က (ခွဲ)လော်ကော်ကျောင်းတွင် Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀)ရှိ (၁)ထပ်ကျောင်း ဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ်လပထမအပတ်တွင် စတင်တည်ဆောက်လျက်ရှိရာ ယခုအခါတည်ဆောက်ခြင်း လုပ်ငန်း များ(၇၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်းသိရသည်။

ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားရာလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းယောင်း၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့က တာဝန်ရှိသူများနှင့်အတူ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကလေးမြို့တွင် ပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွား ပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask  Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အမ်းမြို့နယ်တပ်တောင်မြို့၌၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် အမ်းခရိုင် တပ်တောင်မြို့၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့်တပ်တောင်မြို့အခြေခံပ ညာအထက်တန်းကျောင်းရှေလမ်း အားကွန်ကရစ် ခင်း​နေမှုအား ယနေ့နံနက် ၉ နာရီအချိန် မြို့တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ်၌ ဆရာ၊ဆရာမများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တာဝန်ခံဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၉နာရီ အချိန်က စတင်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း  အမျိုးသားခန်းမနှင့် အထက ၃ ပြည်ထောင်စု ခန်းမတို့၌ ကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှု နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန် ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက တရုတ္တန်းညောင်ဝိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

နတ်မောက်မြို့နယ်တွင် မိုးစပါးဧရာမင်းမျိုးသန့်ထုတ်(၅)ဧကစံပြကွက်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေး တောင်သူများသည်ယခင်က မိမိတို့၏ လယ်မြေများတွင် စပါးများဖြစ်ထွန်းမှုနည်းပါး၍ ယခုအချိန်တွင် အထွက်နှုန်းကောင်းသည့် ဧရာမင်းစပါးမျိုးသန့်ကိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရာ ဖြစ်ထွန်းမှုအောင်မြင်လျက်ရှိကြောင်း မြို့မရပ်ကွက်နေ ဧရာမင်းစပါးစိုက်ပျိုးသည့်တောင်သူ ဦးသံချောင်းထံမှ သိရသည်။
Subscribe to