မိုင်းယန်း အောက်တိုဘ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ တောင်သူဦးအိုက်ဆမ်၏ မှော်ဘီကောက်ညှင်းမွေး မျိုးစပါးစိုက်ခင်းအား ယနေ့နံနက် ၉ နာရီက မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှူး ဦးခွန်ရဲထွေးနှင့် တောင်သူများတို့က မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ ကွင်းအမှတ်(၄)၊ တောင်သူဦးအိုက်ဆမ်၏ မှော်ဘီကောက်ညှင်းမွေး မျိုးစပါးစံကွက်ကို ရိတ်သိမ်းကြရာ တစ်ဧကကို ပျမ်းမျှစပါးအထွက်နှုန်း (၁၂၄)တင်းထွက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)