ငပု​တောမြို့နယ်၌ နေကြာစိုက်ပျိုးမည့် မြေနေရာနှင့် စပါးမျိုးစေ့ထုတ် စိုက်ခင်းအား တာဝန်ရှိသူများမှ  ကွင်းဆင်း ကြည့်ရှု

ငပုတော  အောက်တိုဘာ ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည်ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ငပု​တောမြို့နယ်၊ သက္ကယ်ချောင်း ကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာတွင် တောင်သူ ဦးလှဝင်း၏လယ်ယာမြေတွင် နေကြာစိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် နေကြာမျိုးစေ့အား အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး​နောက်ကွင်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ဖျန်ရေကျော်ကျေးရွာ အုပ်စု၊ ဖျန်ရေကျော်ကျေးရွာသို့ သွား​ရောက်ပြီး တောင်သူ ဦးအေးငွေ၏ လယ်ယာမြေတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် ပေါ်ဆန်းယဥ် စပါးမျိူးစေ့ထုတ် စိုက်ခင်းနှင့် တောင်သူ ဒေါ်မေသဇင်ဦး၏ လယ်ယာမြေတွင် ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုးထားသညိ့ဆင်းသုခ စိုက်ခင်းတို့အား ကြည့်ရှုခဲ့ရာသီးနှံများ ရိတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းမွန်စေရေးနှင့် ​လေလွင့်ဆုံးရှုံးမှုများ မရှိ​စေ​ရေးအတွက်  ​အလေးထားလုပ်ဆောင်ကြရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

အောင်သူ (ငပုတော)