ထန်းတပင်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက် လာစေရန်ရည်ရွယ်၍ အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။