ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အလွတ်ဖြေဆိုမည့်ကျောင်းသားများအား စာအုပ်နှင့်စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့် ရောက်ရှိခဲ့ရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာပေးပွဲတွင် ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်စီ၊ ဘော့လ်ပင်(၁၀)ချောင်းစီတို့ထောက်ပံ့ပေး အပ်ခဲ့ပြီး၊အားပေးစကား ပြောကြားခဲ့သည်။ 

ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယခုနှစ်သည် Grade 11 စနစ် ဟောင်း ကျောင်းသားကျောင်းသူများအတွက် နောက်ဆုံးအခွင့်အရေးအဖြစ်ဖြေဆိုကြမည် ဖြစ်ရာပြင်ပတွင်အလုပ်လုပ်ပြီး ကျောင်းမတက်နိုင်သည့် အ.ထ.က(၁)၊ ဒေါင့်ကြီး အ.ထ.ကနှင့် အစုကြီးအ.ထ.ကတို့မှ ကျောင်းသားကျောင်းသူ(၆၈)ဦးတို့ကို အောင်မြင်စေချင်သည့် စေတ နာဖြင့် ဆရာ/ဆရာမများက သင်ကြား‌ပေးလျက်ရှိသည်။

  ကျောင်းကုန်းမြို့နယ်တွင် ကျောင်းပိတ် ရက်များ၌ တစ်ချိန်ကို တစ်နာရီ သင်ကြားပြီး၊ တစ်နေ့သုံးကြိမ် နံနက် ၉ နာရီအချိန်မှ နေ့လယ်  ၁၂ နာရီအချိန်ထိ သင်ကြားပေးလျက်ရှိသည်။ အ.ထ.က(၁)မှ(၁၉)ဦး၊ ကံ့ကော်ဘုန်းတော်ကြီးကျောင်းမှ(၉၀)ဦး၊ ရွှေညောင်ပင် (ဘက) ကျောင်းမှ(၇၀)ဦး၊ကိုယ်ပိုင်ကျောင်းများမှ(၂၅)ဦး၊ သရက်ကုန်းကျောင်းမှ (၈)ဦး၊ မီးသွေးတိုက်ကျောင်းမှ(၆)ဦး၊ ချောင်ကြီးကျောင်းမှ (၈)ဦး၊ ဒေါင့်ကြီးကျောင်းမှ(၁၅)ဦး၊ အစု ကြီးကျောင်းမှ(၃၄)ဦးနှင့် ဘာသာရပ်သင်ကျောင်းမှ(၁၀၄)ဦး၊ စုစုပေါင်း (၃၇၉)ဦးတို့သည် ၂၀၂၃  ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ၌ပြင်ပဖြေအဖြစ်ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)