အင်္ဂပူ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့်ပြည်သူလူထု တွေ့ဆုံပွဲကို ယနေ့ နေ့လည်ပိုင်း က အင်္ဂပူမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ သမိုင်းဝင်ရွှေဆံတော်ဘုရား၊ ဝေနေယျသုခတန် ဆောင်းတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင် ကျော်မိုးမှ နိုင်ငံတော်မှ ရှေ့ဆက်သွားမည့်မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများ ကိုလည်ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု တို့ကိုရှင်းလင်း ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမြင့်က ပညာရေးဆိုင်ရာ ဆောင်ရွက်ပေး နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဒေသခံ ပြည်သူများမှတင်ပြသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိုနှိုင်း ပေးခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)