ငပုတော အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာအုပ်စု၊ ကန်စုကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင်ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှုး ဦးဝင်းစိုး၊ ခရိုင် ရေအရင်းအမြစ်ရှာဖွေရေး ဦးစီးဌာနမှ ဦးစီးမှုး ဦးတင်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ စုစုပေါင်း ( ၇၃ ) ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကအဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှုး ဦးဝင်းစိုးမှ တောင်သူများအား ကန်ထရိုက်လယ် ယာအကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ်အကြောင်းနှင့် သီးနှံများအရည်အသွေး မြင့်မားရေးအကြောင်းကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြသခဲ့ပြီး ရိုးပြတ်ကျန် မရှိစေရေးအတွက် တောင်သူများအနေဖြင့်အလေးထားဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းတင်ပြလာမှုများ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)