မှော်ဘီ အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ခရိုင်၊ မြို့နယ်ရှိဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများသည် ရွှေမြယာကျေးရွာတွင် (၂၀၂၂-၂၀၂၃)ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း(၆၄)သန်းဖြင့် Associate ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်ဂဝံလမ်း(ဝ/၇)မိုင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံနှုန်းများနှင့်အညီဆောင်ရွက်ပြီး တောင်သူများ ထုတ်ကုန်အချိန်မီသယ်ယူပို့ဆောင်နိုင်ရေးအတွက် မြန်မြန်ဆန်ဆန်ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)