မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မော်လမြိုင်ကျွန်း  အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မဟာဗန္ဓုလလမ်းမကြီးရှိ မြို့နယ်စည်ပင်သာယာပိုင်မြို့မဈေးကြီး၌ ဆောင်ရွက်သည်။

အဆိုပါဈေးမီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ကြည့်ရှုအားပေးခဲ့ ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးတို့မှ မီးသတ်ယာဉ် (၃) စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသည်ယာဉ် (၁) စီးဖြင့် မီးငြိမ်းသတ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး ဈေးသူဈေး သားများအား မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းလုပ်ငန်းနှင့် မြို့နယ်ကြက် ခြေနီတပ်ဖွဲ့မှ မီးခိုးမွှန် အသက်ရှုပိတ်မေ့မျောခြင်းအား အခြေခံအသက်ကယ်အထောက်အကူပြု နည်းစနစ်ဖြင့်ပြုစုခြင်း၊ အမြင့်မှကျ၍ ကျောရိုးတန်းမကြီးထိခိုက်မှုပြုစုနည်းအား လက်တွေ့ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)