ထန်းတပင်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက် လာစေရန်ရည်ရွယ်၍ အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင့်ပွားသင်တန်းတွင် စီံမံရေး၊ ဘဏ္ဍာရေးနှင့် ပညာရပ်ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင်လည်း မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်က ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၃၀)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းကာလမှာ အောက်တိုဘာလ (၂၂)ရက်နေ့မှ အောက်တိုဘာလ(၂၃)ရက်နေ့အထိ (၂)ရက်တာ သင်ကြားပို့ချပေးခဲ့ကြောင်းလည်း သိရသည်။     

ဇင်မင်းထိုက်(ထန်းတပင်)