ဒေးဒရဲ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး Talk Showကို အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကိုဗစ်-၁၉ ရောဂါလက္ခဏာများနှင့် ရောဂါကူးစက်ပုံများကို ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သီတာမိုးက ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများကို ပြည်သူများဗဟုသုတ တိုးပွားစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း