ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်နံံရကပ်စာစောင်ပြသ

ကျွန်းစု စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံးရှေ့ မြေစိုက်ဘုတ်၌ နံရံကပ်စာစောင်များပြသထားရှိကြောင်း သိရသည်။

ပြသရာတွင် ကျွန်းစုမြို့နယ်လဝကမှူး ဦးသန်းဌေးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း ပျောက်ဆုံးသူ၊ ပျက်စီးသူ၊ အသစ်ပြုလုပ်မည့်သူ၊ မပြုလုပ်ရေးသေးသူများသည် မြို့နယ်လဝကရုံးများတွင် လာရောက်ပြုလုပ်နိုင်ကြောင်း၊ ပုံစံ(၆၆/၆) အိမ်ထောင်စုပါအချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များကွဲလွဲနေပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် လာရောက်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ စသည့် အချက်အလက်များပါဝင်သော အသိပေးထုတ်ပြန်ချက်များအား ပြသခဲ့သည်။

အဆိုပါ အသိပညာပေးမြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်များ၊ ကျန်းမာရေးဆိုင်ရာဆောင်းပါးများအား မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ပြသထားရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)