သာပေါင်း အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ကျောင်းပြင်ပ ကျောင်းသားများနှင့် ဝန်ထမ်းများ 1st booster myancopharm၊ 2nd booster myancopharm၊ 1st booster sinopharm၊ 2nd booster sinopharm(၃၅၈)ဦးထိုးနှံကြသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဌာနတွင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး၊ 1st booster Sinophram (၂၃၃)ဦး၊ 2nd booster Sinophram(၁၀၂)ဦး၊ (၅-၁၂) ပထမအကြိမ်(၅)ဦး၊ ဒုတိယအကြိမ်(၁၈)ဦး ပေါင်း(၃၅၈)ဦးတို့ ထိုးနှံပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)