ကျောက်ဆည်မြို့နယ် တံတားလည်ကျေးရွာတွင် စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ဆည်၊မြောင်း၊ချောင်း၊ကန်၊ ပေါများသဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေနှင့် ကိုင်းကျွန်းမြေများတွင် ဥယျာဉ်ခြံနှင့် နေ့စဉ်ဝင်ငွေ ရရှိသည့်ကာလတို သီးနှံများစိုက်ပျိုးပြီး အသက်မွေးဝမ် းကျောင်းပြုလျက်ရှိရာ တံတားလည်ကျေးရွာတွင် စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးနှံသည် မိသားစုလုပ်အားဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး သွင်းအားစုနည်းကာ ခူးဆွတ်ရောင်းချရာတွင် (၁)ရက်ခြားခူးဆွတ်ရ၍ ခူးဆွတ်ရောင်းချချိန်(၂)ရက်ကြာသည်အထိ ရောင်းချရသဖြင့် ရုံးပတီ စိုက်ပျိုးသူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း ရုံးပတီစိုက်တောင်သူ ဦးအောင်သင်းက ပြောပြသည်။

ရုံးပတီပင်သည် ရေကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်ကာ စိုက်ပျိုးရန်အတွက် သာဘာဝနွားချေးနှင့် မြေကိုကောင်းစွာပြုပြင်ထားရကာ ရေသွင်းရာတွင် လွယ်ကူစေရေးအတွက် မြေဘောင်များပြုလုပ်၍ နေရောင်ခြည်ကောင်းစွာ ရရှိစေရေးအတွက် တစ်ပင်နှင့်တစ်ပင် (၂)ပေခန့်ခြားပြီး စိုက်ပျိုးသင့်ကြောင်း၊ လိုအပ်သည့်အချိန်တွင် မြေအစိုဓာတ်မပြတ် ရေသွင်းပေးခြင်း၊ ဆေးဖျန်းပေးခြင်းများ ပြုလုပ်ပေးပါက အပင် ဖြစ်ထွန်းမှုကောင်းပြီး တစ်လအကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)