စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းကော်မတီ၏ ၉/၂၀၂၂ ကြိမ်မြောက်အစည်းအဝေးနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထင်ရှား သည့်ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် လည်ပတ်ကာ အလွှာအသီးသီးမှဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေ များရရှိစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။