အိမ်မဲ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သက်ဆိုင်ရာဌာနရုံးအ သီးသီးတွင်လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် သွားမှု၊ လာမှု၊ နေထိုင်မှုများကို ပြင်ဆင်ကြရန်၊ ယခုအပတ် သောကြာနေ့တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ထိန်ငူကျေးရွာ အုပ်စုတွင် ဆောင်ရွက်ရန်နှင့် မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးခြင်းကိစ္စ အကြောင်းအရာများကို ထည့်သွင်းဆွေး နွေးရန်၊ မြို့နယ်ပညာရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျူရှင်မတတ် နိုင်သည့်ကျောင်းသား၊ ကျောင်းသူများအား စနေ၊ တနင်္ဂနွေရက်များတွင် စာသင်ကြားပေးရန်၊ မြောင်းမြ ပညာရေးကောလိပ်တွင် နိုဝင်ဘာလ (၁)ရက်နေ့မှစတင်ပြီးသင်တန်းသား/သူ လက်ခံမည် ဖြစ်ကြောင်းနှင့် လက်ဆင့်ကမ်းပြောကြားပေးရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေး ခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)