ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းများဆောင်ရွက်

ပုဇွန်တောင် အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူ/ ကျောင်းသားများ ထူးချွန်ထက်မြက်လာစေရန်၊ တွေးခေါ်မှုမြင့်မားလာစေရန်၊ အတန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည့် အနာဂတ်ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင် ဝင်ရောက်ယှဉ်ပြိုင်လာနိုင်စေရန်ရည်ရွယ်၍ ကျောင်းအဆင့် လူရည်ချွန် စာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲစစ်ဆေးခြင်းကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းနှင့်အလယ်တန်းကျောင်းများတွင် ကျင်းပလျက်ရှိပြီး ယနေ့တွင် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/ကျောင်းသူ(၂၈)ဦးတို့ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သတင်းရရှိသည်။

ဟန်စုယဉ်