ဒဂုံမြောက် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အနာဂတ်ကျောင်းသား၊ ကျောင်းသူ လူကောင်းလူတော်များ၊ လူရည်ချွန်များပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းနှင့် အမှတ်(၃)အလယ်တန်းကျောင်းတို့တွင် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများဆက်လက်ကျင်းပခဲ့ရာ အထွေထွေဗဟုသုတနှင့် သင်္ချာဘာသာရပ်များအား ကျောင်းသား/သူများ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါကျောင်းအဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲသို့ Grade 9 ၊ Grade 10 ၊ Grade 11 တို့မှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးစီ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အခြေခံပညာကျောင်းအဆင့် အောင်မြင်သူများအား မြို့နယ်အဆင့်စာမေးပွဲများကို နိုဝင်ဘာလအတွင်း၊ ခရိုင်အဆင့်နှင့် တိုင်ဒေသကြီးအဆင့် စာမေးပွဲများကို ဒီဇင်ဘာလတို့တွင် ဆက်လက်ဖြေဆိုသွားကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
မြင့်မြင့်ရီ