ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပင်းတယ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာဖတ်စွမ်းရည် မြှင့်တင်ရေးစာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ စာဖတ်ဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ စာဖတ်ဝိုင်းတွင် "ဒို့ကျေးရွာ" ဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၀)၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၅)ရက်နေ့ထုတ် ပေါက်ပေါက် ရေးသား သည့် "ကမ္ဘာလုံးဆိုင်ရာကျန်းမာဖို့ ဘဝတစ်သက်တာလက်ဆေးစို့" ခေါင်းစဥ်ဖြင့် ပင်းတယမြို့ အတွင်းရှိ Youth Club အသင်းဝင်များကအလှည့်ကျ ဖတ်ကြားခဲ့ကြပြီး၊ ဂျာနယ်တွင်ပါရှိသည့် အကြောင်းအရာများမှ မိမိတို့သိရှိလိုသည်များကိုအပြန်အလှန် ဝိုင်းဝန်းဆွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်းနှင့် ပြတိုက်ငယ်(Mini Museum)တို့တွင် စိတ်ဝင်တစား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး  (ပြန်/ဆက်