ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ဆီဆိုင် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတများတိုးပွားလာစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်မှ “စဉ်းစားခြင်းဆိုတာဘာလဲ” ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက “အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများ” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးကြရာ ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)