ရွှေတောင်စု(ခေတ်မီစံပြ)ကျေးရွာတွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ ပြုလုပ်

အင်္ဂပူ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု (ခေတ်မီစံပြ)ကျေးရွာ၌ ယနေ့နံနက်ပိုင်းက အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်းအောင်လက်မှတ်များကို မြို့နယ် မီးသတ်စခန်းတာဝန်ခံမှ ဒုမီးသတ်ဦးစီးမှူး ဦးသက်နိုင်စိုးက ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးသက်နိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို သင်တန်းသား (၅၀)ဦးဖြင့် အောက်တိုဘာ၃ရက်နေ့မှ အောက်တိုဘာ၂၈ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)