စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

စဉ့်ကိုင် အောက်တိုဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ယနေ့နံနက်()နာရီ က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book ClubWoman Club နှင့်Youth Club အဖွဲ့ဝင်များ၊ ပူးပေါင်း၍(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲများ၊ ပြိုင်ပွဲ၊ ပြပွဲများပြုလုပ်မည့် အစီအစဉ်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဦးဝင်းမြင့် (Book Club)အဖွဲ့ဝင်က ကျောင်းသား/ကျောင်းသူလူငယ်၊လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာဗဟုသုတများ ရရှိစေရန် ကဗျာရွတ်၊ပန်းချီပြိုင်ပွဲများ၊ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍    ဦးဝင်းကြည် Book Club ဉက္ကဋ္ဌက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ် ပြီးအကဲဖြတ်  အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး ဦးအောင်ဆန်း (YouthClub)အဖွဲ့ဝင်နှင့် တက်ရောက်လာသောစာပေချစ်သူများအဖွဲ့ကလည်း  ဆုများပေးအပ် ချီးမြှင့်နိုင်ရေး၊ကျောင်းများသို့ ဖိတ်ကြားရေးစသည့်ကိစ္စရပ်များကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)