ပိုင်ကျုံ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျေးလက်ကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို မွေးစမှ အသက်နှစ်နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေး ရောင်(ငါးမျိုးစပ်ကာ ကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်နှစ်နှစ်အာက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)