တံတားဦး အောက်တိုဘာ ၂၈
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန် း(၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က သင်တန်းမှ လေ့ကျင့်သင်ကြားပို့ချပေးသည့် ချမှတ်ထားတဲ့ မူဝါဒတွေကို သိရှိနားလည် သဘောပေါက်ပြီး ကျရာဝန်ကို ကျေပွန်စွာထမ်းထမ်းဆောင်စေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အချိန်တွင် အချိန်နှင့်တပြေးညီ ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တိုင်းရဲ့ တာဝန်ဖြစ်ကြာင်း၊ ဒါ့အပြင် မီးသတ်တပ် ဖွဲ့ရဲ့ဆောင်ဖြစ်သည့် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ဆိုတဲ့ သင့်(၄)သင့်၊ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ဆိုတဲ့ မြန်(၃)မြန်၊ အမြဲတမ်းလေ့ကျင်၊ အမြဲတမ်းစစ်ဆေးသတိပေး၊ အမြဲတမ်းအသင့်ဆိုတဲ့ မြဲ(၃)မြဲ တို့ကို အစဉ်တစိုက်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပြီးသင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများကို ဆုများအသီးသီးပေးအပ်သည်။ ဆက်လက်၍ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးရဲလင်းသူက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာသင်တန်းသားတစ်ဦးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြာ းသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သူ(၅၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့မှ၂၀၂၂-ခုနှစ်၊ အောက်တိုဘာ(၂၈)ရက်နေ့အထိဖြစ်ပြီး စာတွေ့လက်တွေ့ပို့ ချပေးခဲ့ကြောင်း၊ တံတားဦးမြို့နယ်တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၁) ဦး ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူအောင်ထံမှသိရသည်။
ရဲတင့်( ပြန်/ဆက်)