ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာတွင် ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းဖွင့်လှစ်

ရွှေကျင် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ၊ မူလွန် (မဒေါက်ကလေး) ကျောင်း၌ ယနေ့ နံနက်ပိုင်းက မြို့နယ် ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ ရှေးဦးပြုစုနည်း(အခြေခံ) သင်တန်းကို ဆင်းရဲနွမ်းပါးသက်သာ‌စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်စုမှူးများက ကျောင်းသား‌၊ ကျောင်းသူများအား စာတွေ့ လက်တွေ့ဖြင့် သုံးရက်ကြာသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။

ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းသို့ တက်ရောက်ထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတစ်ကိုယ်ရေကျန်းမာရေးနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ရှေးဦးပြုစုနည်း(အခြေခံ)ဖြင့် ကူညီကယ်တင်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပြီး သင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအား စိတ်ပါဝင်စားသူ ကျောင်းသား‌၊ ကျောင်းသူ (၄၄) ဦး တက်ရောက်နေကြောင်း သိရသည်။

အဆိုပါ‌ ရှေးပြုစုနည်း (အခြေခံ) သင်တန်းသည် မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ တတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)