အုတ်တွင်းမြို့နယ် သံဘိုကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများသတ္တမအကြိမ်ထုတ်ချေးပေး

အုတ်တွင်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်း ရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သံဘိုကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇင်မာမြင့်က ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်စီမံကိန်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူ(၁၂၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၁၃)ဦး၊ စုစုပေါင်းအသင်းသား( ၂၄၂)ဦးအား မြစိမ်းရောင် ရန်ပုံငွေကျပ် ၄၇၈၂၀၀၀ ကို တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)