ဇမ္ဗူသီရိမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ဇမ္ဗူသီရိ ဧပြီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို မတ် ၂၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများကို ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ ဇမ္ဗူသီရိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီအရာရှိ  ဒေါ်နှင်းမမဦးနှင့် အားကစားနည်းပြများက အနီးကပ်ကြီးကြပ်၍ အားကစားနည်းများဖြစ်သည့် တိုက်ကွမ်ဒို၊ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ဟော်ကီ၊ ဝူရှူး၊ ဘတ်စကတ်ဘော၊ ခရစ်ကက်၊ အေရိုးဗစ်/P.F.D စသည့်  အားကစားနည်း ၁၀ မျိုးကို မတ် ၂၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက အားလပ်ရက်အချိန်များကို အကျိုးရှိစွာအသုံးချ၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာစေရန် ရည်ရွယ်၍နေ့စဉ်  လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ နွေရာသီအဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)