ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းပေး

ကော့သောင်း ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းပေးခြင်းကို ယမန်နေ့က ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ဆောင်ရွက်သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့်ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း စသည့် လုပ်ငန်းစဉ်များ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)