တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ခရိုင်‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းခင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံသည်။

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ တီဘီရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပခုက္ကူခရိုင်တွင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်သည့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်သည့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးတို့အတွက် နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ရှုခင်းကြည့်တောင်ကုန်းများတွင်ပုဂံဒေသနေဝင်ဆည်းဆာ ကြည့်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားခဲ့

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း သီတင်းကျွတ်ရုံးပိတ်ရက်ကာလ (၄)ရက်အတွင်း ရှုခင်းကြည့်တောင်ကုန်းများတွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သည့် ခရီးသွားဘုရားဖူးများ ကြိတ်ကြိတ်တိုး ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃)ဦးအား ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၁၀၀၀ ကျပ်သာရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ထွက် ဆောင်းကြက်သွန်နီဈေးနှုန်း ၁၀၀၀ ကျပ်သာရောင်းချနေရခြင်းကြောင့် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးတောင်သူ နည်းသွားနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု မုန့်ကုန်းကျေး ရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးမင်းညိုကပြောကြားသည်။

ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့်  ခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက်နှင့် ခတက်ကုန်းကျေးရွာများ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်တွင်  ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွားတားဖိုင်နယ်)ပွဲစဉ်များ ပြီးဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ  ၁၅ ရက်မှစတင်၍ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ရှုံးထွက်(ကွာတားဖိုင်နယ်)နောက်ဆုံးပွဲစဉ်ကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to