နတ်တလင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးဆောင်ရွက်

နတ်တလင်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ရုံးတွင်နံရံကပ်ပြဘုတ်နှင့်မြေစိုက်နံရံကပ်ဘုတ်တို့တွင်ပြသ၍ အသိပညာပေးဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းဆိုင်ရာအသိပညာပေးများ၊ ဆန္ဒမဲပေးရာ၌ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးများ အများပြည်သူသိရှိစေရန်ရည်ရွယ်၍ နံရံကပ်ပိုစတာများနှင့်  ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ နှိုးဆော်ပြသပေးပြီး အသိပညာပေးနံရံကပ်ပိုစတာများကို ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)