သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ကျောင်းသား/ကျောင်းသူများ ရှားပင်လှစိုက်ပျိုး မွေးမြူရေးဇုံအတွင်း ကွင်းဆင်း

မကွေး ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ သမဝါယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများဦးဆောင်၍ သင်တန်းသား/သင်တန်းသူများဖြင့် ယမန်နေ့ နံနက်ပိုင်းက ရွှေတင်တူးစိုက်ပျိုးမွေးမြူရေးဇုံအတွင်းရှိ ဥစားကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

အဆိုပါ လေ့လာရေးဆောင်ရွက်တွင် မကွေးမြို့ရှိ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း(မကွေး)မှ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား/သင်တန်းသူ (၁၀၂)ဦးတို့က စာရင်းရေး၊ စာရင်းကိုင်သင်ခန်းစာများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်သည့်အနေဖြင့် မကွေးခရိုင်၊ ရှားပင်လှကျေးရွာအုပ်စု ရွှေတင်တူး စိုက်ပျိုးမွေးမြုရေးဇုံရှိ သမဝါယမအသင်းများပိုင် ဥစားကြက်မွေးမြူရေးခြံ (၆)ခြံသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများဦးဆောင်ပြီး သမဝါယမအသင်းစာရင်းများအား လက်တွေ့စစ်ဆေးကြည့်ရှုခြင်း၊ လေ့လာမှတ်သားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက သမဝါယမအသင်းများ၏ စာရင်းဇယားများ၊ ရည်မှန်းချက်များ၊ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)