မြဝတီမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မဟာဗျူဟာ တပ်ဦးရန်အောင်မြင်စေတီပြုပြင်ရန် ငွေကျပ်သိန်း ၃၀ လှူဒါန်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြဝတီခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြဝတီမြို့ရှိ မဟာဗျူဟာတပ်ဦး ရန်အောင်မြင်စေတီဘက်စုံပြုပြင်မွမ်းမံရန် ငွေကျပ်သိန်း ၃၀ လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများ ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကံ့ကော်ခန်းမဆောင်၌ ကျင်းပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

မြောက်ဦးမြို့၌  စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကထိန်သင်္ကန်းနှင့်တကွ ပဒေသာပင်များ အလှူရံပစ္စည်းများဖြင့် အောင်တပ်ရပ်ကွက်၊ မောလိပ်ကန်အနီး အောင်ရတာနာကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (Community  Center) ခန်းမတွင်  စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာမြို့ ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဆေးရာင်ခြယ်ပြိုင်ပွဲကို ကျင်းပကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် လမ်းညွှန်၊ လမ်းအမှတ် လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။

သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်ူးသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ဖွံ့ဖြိုး​တိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်အတွင်း  တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကိုင်းဝိုင်းအုပ်စု၊ မြွေဟောက်ကျေးရွာ သဗ္ဗသိဒ္ဓိဘုန်း ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းသာ၌ မြို့ဝင်/ထွက် လုံခြုံရေးစစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့အဝင်စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက် ၂ အဖြစ် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား လက်ရောက်ပေးအပ်

ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက် ၂ အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနရုံးတွင် ပန်းခင်းစီမံချက် ၂ အဖြစ် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ရောက် ပေးအပ်ပွဲကို ကျင်းပခဲ့သည်။
Subscribe to