သရက်ချောင်းမြို့နယ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက် ကွင်းအမှတ်(၃၇၃) ဦးပိုင်အမှတ်(၉) တောင်သူဒေါ်ကျင်စိန်၏ ဆင်းသုခ(Seeder) စံပြမိုးစပါးစိုက်ခင်း(၂)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ ကျွန်းလှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်ရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (တိုင်းဒေသကြီးလွှတ်တော်ရုံးဟောင်း)တွင် ကျင်းပသည်။

ဟားခါးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြီး သုခိတာရုံသီလရှင် စာသင်တိုက်ဓမ္မာရုံတွင် သံဃာတော်၊ သာမဏေနှင့် သီလရှင် ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း တက်ရောက်အမှာစကားပြောကြားသည်။

ပုလောမြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ ယခင်နှစ်ကထက်ဈေးပိုမိုရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ကွမ်းရွက်စိုက်ပျိုးရောင်းချသူ တောင်သူများအနေဖြင့် ယခင်နှစ်ကထက် ဈေးပိုမိုရရှိကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်‌ ပျော်ပွဲရွှင်ပွဲများပြုလုပ်

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ နံနက် ၇ နာရီမှစတင်၍ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ် မော်ဝမ်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍

အင်းစိန်မြို့နယ်၌ အနှေးယာဉ်များအား  ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန်စတစ်ကာပြားများ အခမဲ့တပ်ဆင်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အနှေးယာဉ်(ဆိုက်ကား)များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်စေရန်နှင့် ညအချိန်သွားလာရာတွင် ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးနိုင်စေရန်ရည်ရွယ်၍ ရောင်ပြန်စတစ်ကာပြားများ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့န့နက် ၉ နာရီအချိန်က အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးရှေ့တွင် တပ်ဆင်ပေးခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရုံး (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် ကျောင်းသားလူငယ်တွေဆိုသည့် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to