မံစီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် အခြေခံပညာမူလတန်း Grad-5 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် လုပ်ငန်းဆွေးနွေးပွဲကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် အခြေခံပညာမူလတန်း Grad-5 စာမေးပွဲဆိုင်ရာ မြို့နယ် အဆင့်လုပ်ငန်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။