ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌  ရှေးရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ရှေးရိုးရာ အစဉ်အလာမပျက်  တန်ဆောင်တိုင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပသည်။

မုံရွာမြို့ရာပြည့်ကပ်‌ကျော်စေတီတော်၌ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ညမီးပုံးပျံ(၃၅)လုံး လွှင့်တင်ပူဇော်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းညွန့်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာနမှ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

မအူပင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီက မအူပင်မြို့၊ သာသနာ့ဗိမာန်‌တော်ကြီးတွင် ကျင်းပခဲ့သည်။

မိုင်းရယ်တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

(၁၀၂) ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

လွိုင်လင်မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ လွိုင်လင်မြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်‌အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉နာရီ ၃၀မိနစ်က တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်နှင့်ပြခန်းထုတ်ဖော်ပြသနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းပွဲသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြုပြခန်းများ ထုတ်ဖော်ပြသနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းပန်မြို့နယ်၌ အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့်လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီ က စတင်၍ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to