ရန်ကုန် နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အနှေးယာဉ်(ဆိုက်ကား)များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်စေရန်နှင့် ညအချိန်သွားလာရာတွင် ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးနိုင်စေရန်ရည်ရွယ်၍ ရောင်ပြန်စတစ်ကာပြားများ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့န့နက် ၉ နာရီအချိန်က အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးရှေ့တွင် တပ်ဆင်ပေးခဲ့သည်။
တပ်ဆင်ပေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းနှင့်အင်းစိန်ဈေးရှေ့တွင် သွားလာနေကြသော အနှေးယာဉ်(ဆိုက်ကား)များ၏ အနောက်ဘက်တွင် ရောင်ပြန်စတစ်ကာများကို အခမဲ့တပ် ဆင်ပေးခဲ့ပြီးအနှေးယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာနေထိုင်ရေးစသည်တို့ကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရောင်ပြန်စတစ်ကာများကပ်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို အင်းစိန်မြို့နယ်အတွင်း နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)