ဖားကန့် နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ နံနက် ၇ နာရီမှစတင်၍ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ် မော်ဝမ်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌတို့က ဦးဆောင်ကာ ဌာနဝန်ထမ်းများနှင့် အတူ ပျော်ပွဲရွှင်ပွဲများ ဖြစ်သည့် ထုတ်စည်းထိုး၊ လွန်ကြိုးဆွဲ၊ သံလုံးပစ်၊ ဂုန်နီအိတ်စွပ်၊ ပူစီဖောင်းဖောက် ကစားခြင်းနှင့် မုန့်စားပြိုင် ကစားခြင်း စသည့်အားကစား(၆)မျိုးကို ကျင်းပခဲ့သည်။
ဆက်လက်၍ နံနက် ၉ နာရီတွင် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်း ကြောင်းအား Video Power point ဖြင့် ရှင်းလင်းပြောကြားပြီးနောက် အငြိမ်းစားထွေ/အုပ် ဝန်ထမ်း (၄)ဦးအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ ဌာနတွင်း ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဗလာမပါကံစမ်းမဲများ ပျော်ရွှင်စွာ မဲဖောက်ပေးခြင်းနှင့် ကစားနည်း (၆)မျိုးတွင် ဆုရရှိခဲ့ကြသည့် ဆုရရှိသူများအား တာဝန်သူရှိများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)