ကျွန်းလှမြို့ တိုင်းလုံးသာယာဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်တွင် တည်ထားကိုးကွယ်ထားသော တိုင်းလုံးသာယာဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။