အောင်‌မြေသာစံမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ  ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

မန္တလေး   ဒီဇင်ဘာ ၁၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ၁၈ရက်ကစတင်၍ မန္တလေး၊‌အောင်‌မြေသာစံမြို့နယ် ဆောင်ရွက်ကြသည်။

အဆိုပါကြိုတင်ဆန္ဒမဲပေးကြရာတွင် ပြည်သူနှင့်နိုင်ငံဝန်ထမ်း(၂၅၈)ဦးတို့က သတ်မှတ်နေရာများ၌မဲပေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဝင်းမျိုးထွန်း၊ အတွင်းရေးမှူး ရဲမှူးလှမိုး(မြို့နယ်ရဲတပ်ဖွဲ့မှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်ထက်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက အဖွဲ့နှစ်ဖွဲ့ခွဲကာ မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးနေမှုများအား လိုက်လံကြည့်ရှုကာ မဲရုံစောင့်တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)