ဆီဆိုင် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့နယ် တရာရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အိမ်ရာအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့တို့သည် ၂၀၂၄-၂၀၂၅ဘာဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် ၃၃၆ ဒသမ ၂၀၀ သန်းဖြင့် ဆမ်းပေါင်းဆောက်လုပ်ရေးကုမ္မဏီမှ ဆောင်ရွက်သည့် ဆီဆိုင်မြို့နယ်တရားရုံး အလျား ၆၀ ပေး၊ အနံ ၃၆ ပေ၊ RC နှစ်ထပ် တရားရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် ပြည်နယ်ရန်ပုံငွေကျပ် ၆၁ ဒသမ ၂၀၀ သန်းဖြင့် ရှမ်းပြည်နယ်လူငယ်အားမာန်ကုမ္မဏီမှ ဆောင်ရွက်သည့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ RC နှစ်ထပ် တရားရုံးအရာရှိ အိမ်ရာအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူတို့မှ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်တရားလွှတ်တော်တရာသူကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် ဆီဆိုင်မြို့မရဲစခန်း အချုပ်ခန်းဆောက်လုပ်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)