ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။