ကော့မှူး ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ရေဖြူတွင်းကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ညက ကျင်းပသည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးမျိုးမင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံနှင့် နှစ်သစ်ကူးဆုတောင်းစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် ကရင်စာပေနှင့်ရင်ကျေးမှုအဖွဲ့များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ကရင်ရိုးရာ ဒုံယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ကြရာ တာဝန်ရှိသူကဆုများပေးအပ်ခဲ့ကြကြောင်းသိရသည်။
ကျော်သူရ(ကော့မှူး)