(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း   ဒီဇင်ဘာ   ၁၉   

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊နံရံကပ်စာစောင်၊ဓာတ်ပုံနှင့် စာအုပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန  ခန်းမတွင်ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းကလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့်လွတ်လပ်ရေး၏အဓိပ္ပါယ်များ၊ လူငယ်လူရွယ်များအနေဖြစ် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့်နေ့ထူနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတ ရရှိစေရန် သုတ၊ရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။

ယင်းနောက်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲကိုကျင်းပရာ မာရ်အောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများ ယှဉ်ပြိုင်ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် ဆရာမများက အမှတ်တရလက်ဆောင်များပေးအပ်သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု နံရံကပ်စာစောင်များ၊ မှတ်ဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်ကျင်းပြသကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)