ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်လယ်များတွင် လယ်သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။